မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်သားများသည် အရေးယူထိန်းသိမ်းခံရနိုင်ခြေ မြင့်မားသည့် ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည်
ကယ်ဆယ်ရေးလုပ်သားများကို ထိန်းသိမ်းရန်နှင့် ခြိမ်းခြောက်ရန်အတွက် မြန်မာနိုင်ငံရှိ အစိုးရတပ်ဖွဲ့များက အရေးယူထိန်းသိမ်းမှုနှင့် ဖမ်းချုပ်မှုများကို တိုးမြှင့်အသုံးပြုလာခဲ့သည်။ AWSD ရှိ အရေးယူထိန်းသိမ်းမှု အမျိုးအစားသစ်တွင် လွန်ခဲ့သည့် ငါးနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် ကယ်ဆယ်ရေးလုပ်သား ၂၄၂ ဦးကို မှတ်တမ်းတင်ထားသော်လည်း အမှန်တကယ် ကိန်းဂဏန်းများမှာ ပိုမိုများပြားဖွယ်ရှိသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် အရပ်ဘက်လူ့အဖွဲ့အစည်း လျော့နည်းလာသည့်အပြင် သတင်းသမားများနှင့် လူ့အခွင့်အရေးစောင့်ကြည့်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် မတရားချိုးဖောက်မှုများကို မှတ်တမ်းပြုစုရာတွင် အလွန်ခက်ခဲခဲ့ပြီး ဖြစ်ရပ်အရေအတွက်နည်းပါးသယောင် ဖြစ်ပေါ်လျက်ရှိသည်။